Basic English Grammar Android

Basic English Grammar

အကောင်းဆုံး English-Myanmar သင်ယူလေ့လာကြပါဆို့။

Features & Capabilities

ကျွန်ုပ်တို့သည် English စာကျွမ်းကျင်မှသာလျှင် အခြား သော ဘာသာရပ်အမျိုးမျိုးကို ဆက်လက်လေ့လာသင်ယူရာ၌ အဆင် ပြေချောမွေ့ပါလိမ့်မည်။ မိမိတို့နိုင်ငံ၏ ပညာရေးစနစ်ကို မြင့်တင်နိုင် စေရေးတွင် English စာသည် အခြေခံ အကျဆုံးသော ဘာသာရပ်တစ် ခုဟု ထင်မြင်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် တိုးတက်ပြောင်းလဲ လျက်ရှိသော သိပ္ပံနှင့်နည်းပညာ ဘာသာရပ်ပေါင်းများစွာကို မိမိတို့ ကိုယ်တိုင် self-learning လုပ်၍ လေ့လာမည်ဆိုလျှင် English စာ မ တတ်မဖြစ် တတ်မြောက်ထားရမည်ဖြစ်သော ဘာသာရပ်ဖြစ်ပေသည်။

ယနေ့ခေတ်တွင် ဘာသာရပ်၊ ပညာရပ်ပေါင်းစုံကို အင်တာနက် များမှ ရှာဖွေလေ့လာဆည်းပူးနိုင်သော ခေတ်ကာလသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကျွန်ုပ်တို့မြန်မာနိုင်ငံရှိ လူငယ်အများစုသည် English စာကျွမ်းကျင်မှု အားနည်းနေသည့်အတွက် အဆိုပါအခွင့်အရေးကို ဆုပ်ကိုင်အသုံးချနိုင်ခြင်း အားနည်းနေသေးသည်။ English စာကို ကောင်းစွာတတ်မြောက်ထားလျှင် မိမိတို့လေ့လာချင်သော မည်သည့် ပညာရပ်ကိုမဆို လက်တစ်ကမ်းတွင် လေ့လာသင်ယူနိုင်သော နည်း ပညာ ခေတ်ကို ရောက်ရှိနေပြီဖြစ်သည်။

မြန်မာလူငယ်တို့ English စာအားနည်းသည့်အတွက် သိပ္ပံနှင့် နည်းပညာဘာသာရပ်များကို လေ့လာရာတွင် အခက်ခဲများစွာကြုံတွေ့ ကြရပြီး မြန်မာနိုင်ငံအတွက် ပညာရှင်များ ပေါ်ထွန်းမလာသည် အထိ နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးလျက်ရှိသည်။ မြန်မာလူ ငယ်များအနေဖြင့် English စာ ကျွမ်းကျင်ယုံဖြင့် မိမိတို့ စိတ်ဝင်စား သော မည်သည့် ဘာသာရပ်မဆို မိမိတို့ ဉာဏ်စွမ်းဖြင့် အင်တာနက်မှ ရှာဖွေလေ့လာနိုင်ပြီး ပညာရှင်အဆင့်ထိပင် တက်လှမ်းနိုင်လိမ့်မည်။

ထို့ကြောင့် မိမိတို့သည် English ဘာသာစကားကို ကျွမ်းကျင် အောင် ဦးစွာသင်ယူသင့်ပါသည်။ English သာသာစကားကျွမ်းကျင် မှုသည် မြန်မာနိုင်ငံ၏ ပညာရေးကို မြှင့်တင်ပြောင်းလဲပေးရန် အခြေခံ အကျဆုံးသော သော့ချက်အဖြစ် လက်ခံယုံကြည်လျက် ဤစာစောင် ကို ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။


English is the key to a wider horizon” ဟု ဗိုလ်ချုပ် အောင်ဆန်းက ဆိုခဲ့သည်။ မှန်ပေသည်။ English စာသည် ပို၍ပို၍ ကျယ်ဝန်းသော မိုးကုတ်စက်ဝိုင်းကို ဖွင့်နိုင်သော သော့ပေတကား။

အတိအကျဆိုရလျှင် “We learn English to talk back to the English People when they talk to us and to abuse them when they abuse us.” ဟူ၍ပေ တည်း။
အင်္ဂလိပ်သဒ္ဒါ ကန် လန် ကာအဖွင့်
ဘာသာရပ်များစုကို English ဘာသာဖြင့်သင်ယူနေရသော မျက်မှောက်ခေတ် ပညာရေးလောကတွင် English စာကို “နိုင်” ခြင်း ဖြင့် ဘာသာရပ်များစုကို “ပိုင်” စေသည်ကိုလည်း သတိပြုရပေမည်။
ဆယ်တန်းကဲ့သို့သော အတန်းမျိုးတွင် (၁) မှတ်လျှော့ရုံဖြင့် မိမိဘဝ တစ်သက်တာ ရည်မှန်းရာ စိတ်ကြိုက် တက္ကသိုလ်ကို တေ့လွဲ လွဲခဲ့ရသော ကျောင်းသူကျောင်းသားများ “ဒုနှင့်ဒေး” ပင် ရှိခဲ့ကြလေ ပြီ။

အင်္ဂလိပ်သဒ္ဒါ ကန် လန် ကာအဖွင့်
သို့ပါလျှက် များလှစွာသော ပညဘုံဖွားစာသင်သားတို့သည် English စာကို အပိုင်မတွက်ရဲဘဲ အခြားသောဘာသာရပ်များကို စင်း လုံးချောဖြစ်အောင် အားထုတ်နေကြသည်။ တစ်ကွက်ကျော် တစ်လှမ်း ချန်၍ လေ့ကျက်အားထုတ်နေကြသည်။ English စာကို ရွံကြောက် စရာ၊ ရွံမုန်းစရာဟု သဘောထားနေခဲ့ကြသည်။

ဤသို့ ကျောင်းသားများနှင့် English စာသည် “ရှားစောင်း စေးနှင့် မျက်ချေး” ဖြစ်နေရသည်မှာ အခြေခံမကောင်းခဲ့သော ကြောင့် ဖြစ်သည်။ အုပ်မြစ်မခိုင်ခဲ့သောကြောင့်သာဖြစ်သည်။

အင်္ဂလိပ်သဒ္ဒါ ကန် လန် ကာအဖွင့်
အမြစ်သန်မှ ပင်စည်ဖွံ့၍ အညွန့်တက်နိုင်သကဲ့သို့ အုပ်မြစ်ခိုင် မှ ဗိမာန်ကြုံ၍ အဓွန့်ရှည်နိုင်သကဲ့သို့ English စာအခြေခံနိုင်မှာသာ ရာသက်ပန် ထူးချွန်သူဖြစ်နိုင်ပေမည်။ သို့မှသာလျှင် သုံးလွန်းတင် သည့်ကြိုး၊ ဒေါင်ဒေါင်မြည်သည့်အိုး၊ တောင်ကလာသည့် မို့း ဖြစ်ပေ တော့မည်။


သို့ဖြစ်ရာ ဝေါဟာရ ကိုလည်း “ပိုင်” အောင် သဒ္ဒါကိုလည်း “နိုင်” အောင် ဆောင်ရွက်ရန်မှာ ထူးချွန်လိုသူတိုင်း၏ ဘယ်ပခုံး ညာပခုံးထက်မှ တာဝန်ပင်ဖြစ်ကြတော့သည်။ ဤလောကတွင် အဆင် မတတ်လျှင် ဆန်းလျက်နှင့် မလှ၊ အငင်မတတ်လျှင် ပန်းလျက်နှင့် မရ ဟူ၍ ဆိုစကားတစ်ရပ်ရှိချေသည်။ English စာတိုက်ပွဲတွင် သဒ္ဒါ
အင်္ဂလိပ်သဒ္ဒါ ကန် လန် ကာအဖွင့်
တည်းဟူသော သေနတ်ကို ကျင်လည်စွာ ကိုင်တွယ်တတ်စေရန် ရည် ရွယ်၍ ဤ သဒ္ဒါငယ်ကျမ်းကို ပြုစုပါသည်။ အသုံးမဝင်လှသော သဒ္ဒါ အချက်အလက်များနှင့် စာသင်သားများအတွက် အတန်ငယ်အလှမ်း ကွာနိုင်သော သဒ္ဒါဥပဒေသများကိုမူ ဝကွက်၍ ချန်ခဲ့ပါသည်။ အခွံကို ခွာ၊ အကာကိုပစ်၊ အနှစ်ကိုပေးလိုသော ဆန္ဒဖြင့် ဤသို့ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါသည်။ ဤသဒ္ဒါကျမ်းငယ်သည် ကျောင်းသားကျောင်းသူ များ Grammer ဟု လွယ်လင့်တကူပြောဆိုနေကြသော ဒသမတန်း မေးခွန်းမှ Sentence Construction ခေါ် ဝါကျဖွဲ့စည်းတည်ဆောက်-

ဤ သဒ္ဒါကျမ်းငယ်ကို နိုင်နင်းပါက English စာကျွမ်းကျင်မှ ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အကူအလျှောက် အထောက် အပံ့ဖြစ်မည်ဟုကား ရဲဝံ့စွာ အာမခံပါသည်။

User Growth & Download Statistics

App
By:
Snow Chin
Downloads:
4,582
Version:
2 Last updated: 2023-04-09
Version code:
2
Creation date:
2023-04-08
Permissions:
  • android.permission.CAMERA Very high risk
  • android.permission.ACCESS_MEDIA_LOCATION High risk
  • android.permission.WRITE_SETTINGS High risk
  • android.permission.Ad_ID Moderate risk
  • android.permission.BLUETOOTH Moderate risk
  • com.google.android.gms.permission.AD_ID Moderate risk
  • android.permission.ACCESS_WIFI_STATE Low risk
  • android.permission.FOREGROUND_SERVICE Low risk
  • android.permission.INTERNET Low risk
  • android.permission.POST_NOTIFICATIONS Low risk
  • See more
Size:
31.11MB
Email:
bl*****@gmail.com
URLs:
Website ,Privacy policy
Full description:
See detailed description
Source:
Google Play Store
Data ingested on:
2025-02-10
Compare stats and ranking:

Contact the developer

Chrome-Stats does not own this Android app. Please use these information below to contact the Android app developer.
Developed by:
Snow Chin
Google Play Store
https://play.google.com/store/apps/details?id=com.myanmar.basicenglish
Email:
bl*****@gmail.com
Website:
https://basicenglishmyanmar.blogspot.com/?m=1

User Reviews

ဖွင့်လို့မရဘူး။
by th*****, 2024-12-11

Excellent!
by Sa*****, 2023-10-19
View all user reviews ›

Best Basic English Grammar Alternatives

Here are some Android apps that are similar to Basic English Grammar: